ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညနေ ၆ နာရီက နေပြည်တော်ရှိ မြို့နယ်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးနှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းကလည်း (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမဝင်းအတွင်းကျင်းပခဲ့ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။