ရေစကြိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ဖွဲ့စည်းခြင်း အောင်မြင်စွာ ကျင်းပပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန်လ (၁၈) ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

Ray S aKyo2

အခမ်းအနားသို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးမောင်၊ မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပခုက္ကူခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအကြံပေးများ၊ ပါတီကော်မတီ ၀င်များ၊ ရပ်/ကျေးပါတီ ပ/ဒု ခေါင်းဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ပြန်လည်ဖွဲ့စည်းရန် ရွေးချယ်ခြင်းလုပ်ငန်းအား ပါတီဝင် များ၏ ဆန္ဒနှင့်အညီ လျို့ဝှတ်မဲပေး ရွေးချယ်ခဲ့ကြပါသည်။ ပါတီတွင်း ဒီမိုကရေစီကျကျ ညီညွတ်စွာရွေးချယ်ရာ မြို့နယ်ပါတီ ကော်မတီဝင် (၁၅) ဦးနှင့် အရံကော်မတီဝင် (၁၅) ဦးအား အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့ပြီး ရေစကြို မြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးသိန်းလွင်​၊ မြို့နယ်ပါတီအတွင်းရေးမှူးအဖြစ် ဦးချမ်းမင်း၊ ဘဏ္ဍာ​ရေးမှူး အဖြစ် ဒေါ်စန်းစန်းရီ နှင်တို့အား ရွေးချယ်တာဝန်​​ပေးအပ်​ခဲ့ကြောင်း သိရသည်။

Credit- ငမွေ တိုး


Leave a Reply