တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက် ၉ နာရီခွဲမှစတင်ကာ ကံကုန်း၊ ရှမ်းစု၊ ပျဉ်းမကုန်း၊ ကြီးပင်လဟာ၊ အိုင်ကြီး၊ ရင်းတိုက်လေးပင်၊ ဂေါ့၊ ဘိန္ဓော၊ ဥက္ကံရွာမ ကျေးရွာအုပ်စုများသို့သွားရောက်ကာ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပါတီဝင်အင်အားစိစစ်ခြင်းနှင့်အတူ ပါတီဝင်နှစ်စဉ်ကြေးကောက် ခံခြင်း၊ ပါတီဝင်အင်အားစုဆောင်းခြင်းလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ကြပါသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင် မြင့် ဦးဆောင်ပါဝင်၍ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်မင်း၊ ဦးကြည်ဝင်း(ဘဏ္ဍာရေးမှူး)၊ ဦးသိန်းဌေး၊ နယ်မြေဒေသတာဝန်ခံဦးခင်အောင်လွင်၊ ဦးသန်းနိုင်ဦးနှင့် ကော်မတီဝင်များ၊ ကျေးရွာ အုပ်စု ပါတီခေါင်းဆောင်များ၊ ပါတီဝင်များတို့က အတူဝန်းရံလိုက်ပါ ဆောင်ရွက်ကြကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)