ချမ်းအေးသာဇံမြို့နယ် ဒေးဝန်းအနောက်မှ ရပ်ကွက်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ဈေးနှုန်းချိုသာစွာဖြင့်ဆန်များရောင်းချပေး

 

မန္တလေး ဇန်နဝါရီ ၃၁

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက် ၉ဝx ၉၁လမ်း၃၁နှင့်၃၂ကြားရှိ ရပ်ကွက်ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီခွဲ မှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဈေးနှုန်းချိုသာစွာ ဖြင့် ဆန်များရောင်းချပေးခဲ့သည်။ချမ်းအေးသာဇံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရွှေသွယ်ရင်အမျိုးအစားဆန်အပိုင်း (၅ဝ)အား တစ်ပြည် ကျပ် ၁၄ဝဝနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများ၏ စားဝတ်နေရေးသက်သာချောင်ချိစေရန် ရည်ရွယ်၍ ဆန်များအား သက်ဆိုင်ရာ မြို့နယ်အလိုက်ရပ်ကွက်နှင့် ကျေးရွာများ သို့သွားရောက်၍ ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

ချမ်းအေးသာဇံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှပြည်သူလူထုထံသို့ဆန်များရောင်းချရာသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော်ကျော်ဌေး၏လမ်း ညွှန်မှုဖြင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းထွန်းဦးဆောင်ပြီး မြို့နယ်ကော်မတီ ဦးစန်းမောင်၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (၂)၊မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြ သောဦးချစ်သန်း၊ ဦးတင်အောင်၊ဦးတင်ငွေ၊ ဦးအောင်ဆွေထွန်း၊ ဦးတေဇာမိုး၊ ဒေါ်မမ ကြီးနှင့်ဒေါ်ခင်မျိုးအေး၊ ဒေးဝန်းအနောက် ပါတီမှရပ်ကွက်ဥက္ကဋ္ဌနှင့်ပါတီဝင်များလိုက် ပါခဲ့ပြီး ပြည်သူများနေထိုင်ရာ ရပ်ကွက် အတွင်းသွားရောက်ကာစနစ်တကျရောင်းချ ပေးခဲ့ကြောင်းသိရသည်။

 

သုတ(မန္တလေး)