ဝန်းသိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ဝန်းသို ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ ဝန်းသို မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်များ အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဝန်းသိုမြို့ မဟာမှန်ကျောင်းကျောင်းတိုက်မှစတင်၍ ဝန်းသိုမြို့မဈေးအား သံဃာတော်များ စီတန်း လှည့်လည်အလှူခံရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးစီးမှူးဦးနေမျိုးထွန်း နှင့်ဝန်ထမ်းများ၊ ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့သူမြို့သားများ က သဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူ ခဲ့ကြကြောင်း သိရသည်။

စိုးလှိုင်(ဝန်းသို)