ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်များစိုက်ထူ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ ပါတီဝင်စိစစ်ခြင်းများဆောင်ရွက်

 

ကျောက်ကြီး ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှစိုက်ထူရန်ကျန်ရှိနေသည့် ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်များအား ယနေ့ နံနက် ၈ နာရီမှစတင်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့်အတူ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများမှ အင်းနက် ကျေးရွာအုပ်စု ငါးဗျက်အင်းကျေးရွာ ပါတီ ဥက္ကဋ္ဌ ဦးလှစိန်နေအိမ်ရှေ့နှင့် မရမ်းကျေးရွာ အုပ်စု ကျွဲတလင်းကျေးရွာ ပါတီဥက္ကဋ္ဌ စောဝင်းမြင့်နေအိမ်ရှေ့နှင့် ထိုက်ထူကျေးရွာ ပါတီဥက္ကဋ္ဌ စောတင်ထူးနေအိမ်ရှေ့တွင် အသီးသီးစိုက်ထူခဲ့ကြပြီး ကျေးရွာပါတီ ဝင်များတွေ့ဆုံခဲ့ကြပြီး နယ်မြေခံမြို့နယ် ပါတီကော်မတီဝင်ဦးစိုးနိုင်နှင့် ရေးရာ အလိုက်ကော်မတီဝင်များက ပါတီဝင်စိစစ် ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)