ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ရွှေကူ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု ပြည်ခိုင် ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက တောပုန်း ကျေးရွာ ဦးကိုဦး- ဒေါ်ပဲတို့၏နေ အိမ်၌ကျင်းပခဲ့ရာ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊ အတွင်းရေးမှူးဦးသန်းထိုက်၊ဘဏ္ဍာ ရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးနန်းတင်နှင့် ကော် မတီဝင်၊ပါတီဝင်များ၊ပါတီနာယက များ စုစုပေါင်း ၅၃ ဦး တက် ရောက်ခဲ့ကြသည်။

မင်္ဂလာအချိန်တွင် မြို့နယ် ပါတီဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်း ရေးမှူး၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့် နာယကများက ဆိုင်းဘုတ်အား ဆုတောင်းပတ္ထနာပြု၍ အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းကြကာ ပါတီဆိုင်းဘုတ်အား စုပေါင်း တင်မြှောက်ကြပြီး နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ဆိုင်းဘုတ်တင်ပွဲကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပါတီ နှင့်ကျေးရွာပါတီဝင်များ တွေ့ဆုံ ပွဲကို အဆိုပါအိမ်၌ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် ကော်မတီဝင်များက ပါတီဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန် များ၊ ပါတီကဆောင်ရွက်မည့်ရှေ့ လုပ်ငန်းစဉ်များ၊ ယနေ့နိုင်ငံရေး အခြေအနေနှင့် ယခင်ပြည်ခိုင်ဖြိုး အစိုးရ၊ လွှတ်တော်လက်ထက် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း ဆွေးနွေးကြပြီး တွေ့ဆုံပွဲကို မွန်းလွဲ ၁၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ