ဘုတလင်မြို့နယ်တွင် ကျေးရွာပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဘုတလင် ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ဘုတလင် မြို့နယ် ခိုချောင်းကျေးရွာအုပ်စု အောင်ဆန်း မြင့်ကျေးရွာ ဦးမိုးမြင့်၏နေအိမ်ခြံဝင်းအတွင်း ၌ ယမန်နေ့နံနက် ၈ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မုံရွာခရိုင် ပါတီ ကော်မတီဝင် ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူး ဦးသက်နိုင်ဦးနှင့် မြို့နယ်ကော်မတီဝင် များနှင့် ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေကျီစု(ဘုတလင်)