ဆူဒန်နိုင်ငံတစ်ဝန်း အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွား

ခါတွန် ဇန်နဝါရီ ၁၆

”ငြိမ်းချမ်းရေး၊ တရားစီရင်ရေး၊ လွတ်လပ်ရေး”စသည့် စာသားများကို အော်ဟစ်ကာ ခါတွန်မြို့ရှိ လမ်းများပေါ်သို့ စုဝေးခဲ့ကြသည့် ဆန္ဒပြသူများကို ဖြိုခွင်းရန် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များကို မြို့အနှံ့ ဖြန့်ကြက်ထားကြောင်း သိရသည်။

ပေါင်မုန့်ဈေးများမြှင့်တင်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ပေါ်ပေါက်လာသော ဆန္ဒပြမှုများ သည် ကျေးလက်ဒေသများတွင် ဒီဇင်ဘာ ၁၉ ရက်ကတည်းက ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆန္ဒပြမှုများတွင် အနည်းဆုံး ၂၄ ဦးခန့် သေဆုံးခဲ့ရာမှ အစပြုကာ နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင် ဆန္ဒပြမှုများ အသွင်သို့ ရုတ်ခြည်းပြောင်းလဲသွားခဲ့ပြီးနောက် ဆန္ဒပြသူများက သမ္မတ အိုမာအယ်လ်ဘတ်ရှာကို ရာထူးမှ ဆင်းပေးရန် တောင်းဆိုသည်အထိ ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်က အမျိုးသားများ နှင့် အမျိုးသမီးများ ဆန္ဒပြမှုများပြုလုပ်ရန် တောင်ပိုင်း စီးပွားရေးဒေသ ဖြစ်သည့် အယ်လ်ကလက်ကယ်လာတွင် စုရုံး ရောက်ရှိနေကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ဆန္ဒပြသူများသည် ”ငြိမ်းချမ်းရေး၊ တရားစီရင်ရေး၊ လွတ်လပ်ရေး”စသည့် စာသားများကို ထပ်မံကြွေးကြော်ခဲ့ကြ ပြီးနောက်”အရေးတော်ပုံ အောင်ရမည်” ဆိုသည့် အသံများ ဟစ်ကြွေးခဲ့ကြောင်း သိရသည်။

 

-Ref: AFP