ပြည်ခိုင်ဖြိုးပါတီရုံးသစ်ဖွင့်ပွဲနှင့် ထူးချွန်ကျောင်းသားများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

 

ရှင်ဘွေယန် ဇန်နဝါရီ ၁၅

ကချင်ပြည်နယ် တနိုင်းဒေသ ရှင်ဘွေယန်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသစ် ဖွင့်ပွဲအခမ်းအနားနှင့် ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ်တွင် ထူးချွန်စွာအောင် မြင်ခဲ့သည့်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသူ ၂၅၃ ဦးတက်ရောက်ခဲ့ပြီး နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။