လှည်းကူးပြည်ခိုင်ဖြိုးပါတီဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး လှည်း ကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စများ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ် လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှတိုင်းဒေသကြီး ကော်မတီဝင် လှည်းကူးမြို့နယ် တာဝန်ခံဦးခင်မောင်တင့်၊ မြောက် ပိုင်းခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်အတွင်းရေးမှူး ဦးကျော်စိုး ဝင်းနှင့် မြို့နယ်ကော်မတီဝင်များ သည်ဖောင်ကြီးတိုက်နယ်ဖောင်ကြီး အရှေ့ကျေးရွာမှ ရပ်မိရပ်ဖများ၊ ပါတီအမာခံများနှင့် တွေ့ဆုံ၍ ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံတော် ၏နိုင်ငံရေးတရားဥပဒေစိုးမိုးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တင်အောင်(လှည်းကူး)