နှစ်ဖက်သဘောတူညီမှုနဲ့ ဟက်ဒါဖီးလ်အသင်းကနေ နည်းပြဒေးဗစ်ဝက်ဂ်နာ ထွက်ခွာ

နည်းပြဒေးဗစ်ဝက်ဂ်နာဟာ နှစ်ဖက်သဘောတူညီမှုနဲ့ ဟက်ဒါဖီးလ်အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ အသက်(၄၇)နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ၂၀၁၅၊ နိုဝင်ဘာလမှာ ဟက်ဒါဖီးလ်အသင်း ကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၆-၁၇ ရာသီမှာ ချန်ပီယံရှစ် play-offs ကနေ တဆင့် ပရီးမီးယားလိဂ်ကို တက်တက်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း တန်းဆင်းရမယ့်အသင်းတွေထဲမှာ ရေပန်းစားခဲ့ပေမယ့် နည်းပြ၀က်ဂ်နာဟာ ဟက်ဒါဖီးလ် ကို အဆင့်(၁၆)နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုရာသီမှာလည်း ဟက်ဒါဖီးလ်အသင်းဟာ ရုန်းကန်နေရပြီး (၂၂)ပွဲကစားအပြီးမှာ ရမှတ်(၁၁)မှတ်သာ ရရှိထားကာ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ နည်းပြ၀က်ဂ်နာဟာ ဟက်ဒါဖီးလ် အသင်းကို ပြိုင်ပွဲစုံ စုစုပေါင်း(၁၅၄)ပွဲ ကိုင်တွယ်ခဲ့ရာမှာ (၅၁)ပွဲနိုင်၊ (၃၃)ပွဲသရေကျခဲ့ပြီး ပွဲ(၇၀)ရှုံးခဲ့ပါတယ်။

ဟက်ဒါဖီးယူ-၂၃ နည်းပြမက်ခ်ဟက်ဆန်ဟာ လာမယ့်တနင်္ဂနွေနေ့၊ မန်စီးတီးနဲ့ကစားမယ့်ပွဲမှာ အသင်းကို ယာယီကိုင်တွယ်မှာ ဖြစ်ပေမယ့် အမြဲတမ်းနည်းပြဖြစ်လာဖို့တော့ မရှိပါဘူး။ လက်ရှိအချိန်မှာ ဟက်ဒါဖီးလ် နည်းပြရာထူးအတွက် ဆမ်အလာဒိုက်၊ ဒေးဗစ်မိုယက်စ်နဲ့ အလန်ပါဒူးတို့ ရေပန်းစားနေပါတယ်။

-Ref: Skysports