ချန်ပီယံလိဂ်ရှုံးထွက်တွင် မန်ယူ-ပီအက်စ်ဂျီ၊ လီဗာပူး−ဘိုင်ယန် ဂျူဗီ−တီကို ထိပ်တိုက်တွေ့ဆုံ

ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့်ပွဲစဉ်များကို နိုင်ယွန်မြို့၌ မဲနှိုက်ရွေးချယ်ရာ တွင် အက်သလက်တီကို၊ မန်ယူ နှင့်လီဗာပူးတို့သည် ခက်ခဲသော ပြိုင်ဘက်များဖြစ်သည့် ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်တို့နှင့် တွေ့ဆုံနေသည်။

အင်္ဂလန်အသင်းများအနက် အုပ်စုဗိုလ်နေရာမှ တက်လာသော မန်စီးတီးသည် ဂျာမန်ကလပ် ရှော်လ်ကေးနှင့် ရင်ဆိုင်ရ သဖြင့် ကံအကောင်းဆုံးဖြစ် သည်။ စပါးက ဒေါ့မွန်နှင့် တွေ့မည်ဖြစ်၍ နှစ်သင်းစလုံး နောက် တစ်ဆင့် တက်ရေး ခက်ခဲနိုင် သည်။

လာလီဂါချန်ပီယံဘာစီလိုနာက လိုင်ယွန်နှင့် ကစားရမည် ဖြစ်ကာ ချန်ပီယံလိဂ်လက်ရှိချန်ပီ ယံ ရီးရဲလ်က အေဂျက်ဇ်နှင့်တွေ့ ဆုံသည်။ အက်သလက်တီကိုက ဂျူဗင်တပ်ကို ခက်ခက်ခဲခဲ ကစား ရမည်ဖြစ်သည်။

နာမည်ကြီး မန်ယူသည် လီဂူးဝမ်းတွင် ယခုရာသီရှုံးပွဲမရှိသေးသော ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီနှင့် ကစားရမည်ဖြစ်ရာ မော်ရင်ဟိုအတွက်ခက်ခဲသော ပြိုင်ဘက်ဖြစ်လာနိုင်သည်။ သို့ သော် ယင်းနှစ်သင်းစလုံး ယခင် ဆုံဖူးခြင်းမရှိပေ။ ‘‘မန်ယူကိုနိုင်ဖို့ ကျွန်တော် တို့မှာ အရည်အချင်းရှိပါတယ်။ ဒါပေမဲ့ ဒါဟာ ကြီးကျယ်တဲ့ စမ်း သပ်ခံမှုတစ်ခု၊ စိန်ခေါ်မှုတစ်ခုဖြစ် ပါတယ်’’ ဟု ပီအက်စ်ဂျီနည်းပြ သောမက်စ်တူချယ်လ်က ပြော သည်။ ‘‘ဒီလိုဆုံတွေ့မှုအပေါ် ကျေနပ်တာမရှိသလို မကျေနပ်တာမျိုးလည်း မရှိပါဘူး’’ဟု ၎င်းက ထပ်လောင်း ပြောကြားသည်

စပါးမှာလည်း ဘွန်ဒက်စ်လီ ဂါတွင် ယခုရာသီ ထိပ်ဆုံး၌ ဦးဆောင်ပြီး ခြေစွမ်း အလွန်ကောင်း နေသော ဒေါ့မွန်ကို ကျော်ဖြတ်ရေး အကောင်းဆုံး ခြေစွမ်းပြသ ရန်လိုကြောင်း ဘောလုံးလေ့လာ သူများက သုံးသပ်သည်။

လီဗာပူးက ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ရှုံးပွဲမရှိခဲ့သည့် ဘိုင်ယန်နှင့် တွေ့မည်ဖြစ်သည်။

‘‘လိဂ်တစ်ခုမှာ ဘိုင်ယန်ကို ကျွန်တော်ရင်ဆိုင်ခဲ့တာ အကြာ ကြီးကတည်းကဆိုတာ သိသာ ထင်ရှားပါတယ်။ ဒါကြောင့် ဘိုင် ယန်နဲ့ရင်ဆိုင်ရဖို့ တကယ်မျှော် လင့်နေပါတယ်’’ ဟု လီဗာပူး နည်းပြ ဂျာဂန်ကလော့ပ်က ပြော သည်။

‘‘လီဗာပူးဟာ ကျွန်တော်တို့ ရင်ဆိုင်ရနိုင်တဲ့ အသင်းတွေထဲက အခက်ခဲဆုံး အသင်းဖြစ်နိုင်ပါတယ်’’ ဟု ဘိုင်ယန်နည်းပြ ကိုဗက်စ်က ပြောသည်။ စီးရီးအေကလပ်ရိုးမားက ပေါ်တိုနှင့် တွေ့ဆုံသည်။

ပထမအကျော့ကို ဖေဖော်ဝါရီ ၁၂၊ ၁၃ နှင့် ၁၉၊ ၂၀ ရက်တို့တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ၅၊၆နှင့် ၁၂၊၁၃ရက်တို့တွင် ယှဉ်ပြိုင်မည်ဖြစ် သည်။   

—Ref:Skysport/BBC