၃၈ နှစ်အကြာတွင် ယုဂန္ဓာလက်ရွေးစင်အသင်း အာဖရိကဖလားပြိုင်ပွဲဝင်ခွင့် ပြန်လည်ရရှိ

Uganda-national-football-team

ယုဂန္ဓာလက်ရွေးစင်ဘောလုံးအသင်းသည် ၃၈ နှစ်ကြာဝေးကွာနေခဲ့သည့် အာဖရိကဖလားဘောလုံးပြိုင်ပွဲကို ပြန်လည် ၀င်ခွင့်ရရှိခဲ့ပြီ ဖြစ်သည်။

ယုဂန္ဓာအသင်းသည် ၂၀၁၇ အာဖရိကဖလား နောက်ဆုံးအဆင့်ခြေစစ်ပွဲတွင် ဘာကီနာဖာဆို၊ ဘော့စ်ဝါနာ၊ ကိုမိုရော့စ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ သည်။ အိမ်ကွင်းအဝေးကွင်း ၆ ပွဲ ကစားခဲ့ရာတွင် ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၁၃ မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဘာကီနာဖာဆိုနှင့်အတူ ခြေစစ်ပွဲ အောင်ခဲ့ခြင်း ဖြစ်သည်။

ယုဂန္ဓာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် Mandela National Stadium တွင် ကိုမိုရော့စ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲတွင် အနိုင်ဂိုးကို စတန်းဒက်လီဂီ တိုက်စစ်မှူး မီယာက သွင်းယူ ပေးခဲ့သည်။

ယုဂန္ဓာအသင်းသည် အာဖရိကဖလားဘောလုံးပြိုင်ပွဲတွင် စတုတ္ထတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်ရရှိခဲ့ဖူးသော်လည်း ၁၉၇၈ ခုနှစ်နောက်ပိုင်းကတည်းက ပြိုင်ပွဲဝင်ခွင့် မရခဲ့ခြင်းဖြစ်သည်။

ဂါဘွန်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် ၂၀၁၇ အာဖရိကဖလားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ၁၅ သင်းတွင် ကင်မရွန်း၊ နိုက်ဂျီးရီးယား၊ အိုင်ဗရီကို့စ်၊ ဂါနာ၊ အယ်လ်ဂျီးရီးယားစသည့် နာမည်ကြီး အသင်းအားလုံး ပါဝင်ခဲ့သည်။ ချန်ပီယံဆုရရှိဖူးသည့် အသင်း ၈ သင်းအထိပါဝင်ခဲ့ပြီး Guinea-Bissau(ဂီနီဘစ်ဆာ) နိုင်ငံမှာ ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်ခွင့်ရရှိလာခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး


Leave a Reply