ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နတ်ကြီးကျေးရွာ၌ ဆိုင်းဘုတ်တင်ပွဲ ပါတီဝင်များနှင့်တွေ့ဆုံ

 

ကနီ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် နတ်ကြီး ကျေးရွာအုပ်စုနတ်ကြီးကျေးရွာရပ်/ ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းချိုနေအိမ်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားဆိုင်း ဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ပြီး ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဦးစီးရုံးအဖွဲ့များ၊ ရပ်/ကျေးပါတီ အလုပ်အမှုဆောင်များနှင့်ပါတီဝင် စုစုပေါင်းအင်အား၎ဝခန့်တက်ရောက် ခဲ့ကြသည်။ထို့နောက်တက်ရောက် လာကြသော ရပ်မိရပ်ဖများ၊ အမျိုး သမီးရေးရာများနှင့်ပါတီဝင်များအား ရေနွေးကြမ်းစကားဝိုင်းဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မျိုးထွန်း