ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ ကံမမြို့နယ် အထက်တန်းကျောင်းတွင် Covid – 19 ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

ဇူလိုင် ၇၊ ကံမ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး နှင့် ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုသည် ယနေ့ ၇-၇-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကံမမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး Covid – 19 ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် အပူချိန်တိုင်းကိရိယာ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် လက်အိတ်များအား လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်ပြီး ကံမမြို့နယ်အတွင်းရှိ ဘန့်ဘွေးကျင်း၊ ငမဲ၊ ကိုင်းဒေါင့်၊ တောင်စကိုင်း၊ ငွေလေး၊ ထန်းကောက်၊ ပွတ်စု၊ ကဒူးပြင်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆရာတော်များအား လှူဘွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ #DWK