ကရင်နှစ်သစ်ကူးပွဲတော်နှင့် ရိုးရာကောက်သစ်စားပွဲတော် အိမ်မဲတွင်ကျင်းပပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ သဝဏ်လွှာကို မြို့နယ်ပါတီက သဘာပတိအဖွဲ့အား ပေးအပ်

 

အိမ်မဲ ဇန်နဝါရီ ၆

အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ပြည် ထောင်စုအဆင့် ပထမအကြိမ်ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲတော်ကို ယမန်နေ့နံနက် ၅ နာရီခွဲတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးထံမှပေးပို့သော ကရင်နှစ်သစ်ကူးသဝဏ်လွှာအား အိမ်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက သဘာပတိအဖွဲ့ အား ပေးအပ်ခဲ့ပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဦးဇွဲမာန်လွင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များနှင့် ပါတီရုံးအဖွဲ့များသည် နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာကြသော ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ကျော်သူရဦး(အိမ်မဲ)