ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် လှိုင်မြို့နယ် ပါတီကော်မတီများနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ပါတီကော်မတီရုံးတွင် ယမန်နေ့နံနက် ၁၁နာရီခွဲက ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက လှိုင်မြို့နယ် ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်၊ အတွင်း ရေးမှူးဦးသန်းအေး၊ ဘဏ္ဍာရေးမှူးဦးမြသောင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားရာတွင် ပါတီဝင်အင်အား စိစစ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ပါတီနှင့် ကင်းကွာနေသူများအား ပြန်လည်ထိတွေ့ရန်၊ ပါတီဝင်သစ်များ တိုးချဲ့စည်းရုံးရရှိအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများက မရှင်းလင်းသည်များကို မေးမြန်း ကြရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်က ပြန်လည်ရှင်းလင်းပြော ကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဗိုလ်အုန်း(လှိုင်)