ကျား/မ တန်းတူအခွင့်းအရေးရရှိရန် အမျိုးသမီး သုံးသန်းခန့် ပါဝင်ဆန္ဒပြမှုကြောင့် အိန္ဒိယအာဏာရပါတီ အခက်ကြုံ

အိန္ဒိယနိုင်ငံအတွင်း၌ ကျား/မ တန်းတူအခွင့်အရေး ရရှိရန်အတွက် အမျိုးသမီး သုံးသန်းခန့် ပါဝင်သော ဆန္ဒပြမှု ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းကြောင့် အိန္ဒိယအာဏာရပါတီဖြစ်သော BJP နှင့် အိန္ဒိယအစိုးရအနေဖြင့် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။

ဆန္ဒပြပွဲကို ကာရယ်လာပြည်နယ်အတွင်းရှိ အဝေးပြေလမ်းတစ်ခုပေါ်တါင် အမျိုးသမီး သုံးသန်းခန့် တန်းစီ၍ လက်များကို ဆန့်တန်းကာ ပြုလုပ်ခဲ့ကြဖြင်းဖြစ်သည်။ ဆန္ဒပြခဲ့သည့် အမျိုးသမီးများ ၏ အစအဆုံးအကွာအဝေးမှာ ကီလိုမီတာ ၆၂၀ အထိ ရှိခဲ့ခြင်းကြောင့် ကမ္ဘာပေါ်တါင် ဖြစ်ပွားခဲ့သည့် တန်းစီ၍ ဆန္ဒပြမှုများထဲတွင် အကာအဝေးအရှည်ဆုံး ဆန္ဒပြမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆန္ဒပြခဲ့သည့် အမျိုးသမီးများသည် ကျား/မ တန်းတူ အခွင့်အရေးရရှိရေးကို ဖော်ထုတ်သည့်အနေဖြင့် အရောင်အသွေးစုံလင်သော ၀တ်စုံများကို ၀တ်ဆင်ခဲ့ကြသည်။ ကာရယ်လာပြည်နယ် အတွင်းရှိ ဟိန္ဒူဘုရားကျောင်း တစ်ခုအတွင်းသို့ အမျိုးသမီးများ ၀င်ရောက်ဝတ်ပြုခြင်းကို အမျိုးသားများက တားမြစ်ခြင်းနှင့် ရန်ပြုခြင်းများ ပြုလုပ်သည့်ဖြစ်စဉ်များအား ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် အိန္ဒိယအမျိုးသမီး အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များက ဦးဆောင်ကာ မှတ်တမ်းဝင်ခဲ့သည့် ဆန္ဒပြမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

_Ref: AFP