နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နတ်မောက် ဒီဇင်ဘာ ၂၇

နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲမှစတင်ကာ မြို့နယ်ပါတီ ကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးကို မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ အတွင်း ရေးမှူး ဒေါ်အေးမာကြူ၊ ဘဏ္ဍာ ရေးမှူး ဦးသန်းပြုံးနှင့် မြို့နယ်ပါ တီကော်မတီဝင်များ၊ အရန်ကော်မ တီဝင်များတက်ရောက်ခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌက ပြည်ခိုင် ဖြိုးပါတီ ဗဟိုကော်မတီဝင် မကွေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်ခရိုင် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး များအစည်းအဝေးမှ ညွှန်ကြား ချက်များနှင့် ရေးရာဌာနအလိုက် များဆောင်ရွက်ခဲ့သည်ကို ဆွေး နွေးသုံးသပ်ခဲ့ကြသည်။

ဆက်လက်ပြီး ပါတီအောင် နိုင်ရေးစည်းရုံးလုပ်ဆောင်ရာပါတီ တွင်း စည်းလုံးညီညွတ်မှုနှင့် ပါတီ ဝင်များနှင့် ထိတွေ့မှုကွင်းဆင်း ဆောင်ရွက်ပေးကြပါရန် အတွင်း ရေးမှူးကမှာကြားခဲ့သည်။ ဦးသန်း ပြုံးကဘဏ္ဍာရေးကိစ္စဆိုင်ရာ ရှင်း လင်းပြောကြားပြီး တက်ရောက် လာသည့် မြို့နယ်ပါတီကော်မတီ ဝင်တို့က မိမိတို့နယ်မြေအလိုက် လက်ရှိအခြေအနေအရပ်ရပ်ကိုဆွေး နွေးတင်ပြခဲ့ရာ နိဂုံးချုပ်အနေဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။

ထွန်းမှီ(နတ်မောက်)