ဘုတလင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှောပင်ကြီးကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် နှောပင်ကြီး ကျေးရွာအုပ်စု နှောပင်ကြီးကျေးရွာ ဦးထွန်းမြ၏ နေအိမ်ခြံဝင်းအတွင်း၌ ယမန်နေ့နံနက် ၁ဝ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်း အနား ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ပါတီကော်မတီဝင် ဘုတလင်မြို့ နယ်တာဝန်ခံ ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးသက်နိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင်အင်အား ၂ဝ၊ စုစုပေါင်းအင်အား ၃ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေကျီစု(ဘုတလင်)