ပါတီဗဟိုအတိုင်ပင်ခံ လေဘေးသင့်ပြည်သူများအား ပစ္စည်းများ ထောက်ပံ့လှူဒါန်း

 

ဇီးကုန်း မေ ၂၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်းများ၊ အလှူငွေထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၈ နာရီက ဇီးကုန်းမြို့နယ် မြို့လယ်သံဓမ္မာရုံ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဗဟိုအတိုင် ပင်ခံသီရိပျံချီ ဦးဥာဏ်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ တိုင်းဒေသကြီး ပါတီဝင်ဦးသန်းဇော်ထွန်း၊ ခရိုင်ကော်မတီဝင် ဦးကျော်မင်းထွန်း၊ တိုင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ၊ စီမံကိန်း ဦးစီးမှူး ဒေါ်ခင်ချိုချိုလွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်နှင်းအိအိဝင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဇော်လင်းထွန်းနှင့် ပါတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် ဝန်ထမ်းများ၊ မြို့မစခန်းမှူး ဒုရဲမှူးကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဗဟို အတိုင်ပင်ခံ သီရိပျံချီ ဦးဥာဏ်ဝင်းက အဖွင့်အမှာစကား ပြောကြားကာ ဇီးကုန်းမြို့နယ်အတွင်း အုပ်စု ၁၆ စု၊ ကျေးရွာ ၂၃ ရွာအနက် အမိုးလန် ၄၅၃ အိမ်၊ ပြိုလဲ ၂၄ အိမ်အတွက် အလှူငွေကျပ် ၁ဝ၇၁၉၉ဝ နှင့် ထောက်ပံ့ ပစ္စည်းများကို ပေး အပ်လှူဒါန်း ပေးခဲ့သည်။

ထို့နောက် ဗဟိုအတိုင်ပင်ခံ သီရိပျံချီ ဦးဥာဏ်ဝင်းနှင့် ခရိုင်ပါတီဝင်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးဇော်လင်းထွန်း ပါဝင်သောအဖွဲ့သည် အလှမ်းဝေးသည့် စပါယ်မြောင်၊ တယ်ပင်ကန်၊ လေးမျက်နှာ၊ ကဇင်း၊ တောင်ပိုသာယာ အုပ်စုများသို့ ကိုယ်တိုင်သွားရောက်ကာ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေတို့ကို ပေးအပ်ခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးထူးခိုင်၊ တိုင်းဒေသကြီး ပါတီဝင် ဦးသန်းဇော်ထွန်းနှင့် မြို့နယ်ပါတီဝင်များကလည်း မယင်းအုပ်စု၊ ချောင်းကမ်းအုပ်စုများသို့ သွားရောက်ကာ အားပေးကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။  စိုးသစ္စာ