မိတ္ထီလာမြို့ ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ရေဝေ အထကကျောင်းသို့ ငွေပဒေသာပင်အတွက် သိန်း ၁ဝဝ လှူဒါန်း

 

မန္တလေး ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့နယ် ရေဝေအုပ်စု ရေဝေ ကျေးရွာ ရေဝေ အထက ကျောင်း သား ကျောင်းသူများ နှစ်စဉ် ပညာ ရည်ချွန်ဆုပေးပွဲ ကျင်းပနိုင်ရန် အတွက် ငွေပဒေသာပင် ငွေကျပ် သိန်း ၁ဝဝ ကို ယမန်နေ့ နံနက် ၁ဝ နာရီက သွားရောက်လှူဒါန်း ခဲ့သည်။

မိတ္ထီလာမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်(ငြိမ်း) ဦးကျော်အေး(သီဟ သုဓမ္မမဏိဇောတဓရ)က လှူဒါန်း ပြီး ကျောင်းသား ကျောင်းသူများ နှစ်စဉ် ပညာရည်ချွန်ဆုများ နှစ်စဉ် မပျက်ပေးရန် ရည်ရွယ်၍ ငွေ ပဒေသာပင် စိုက်ထူပေးထားခြင်း ဖြစ်ကြောင်း ပြောကြားကာ ရေဝေ အထက ကျောင်းအုပ်ဆရာမကြီး ထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။

အဆိုပါ ငွေပဒေသာပင်စိုက်ထူလှူဒါန်း ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းနှင့် မြို့နယ်ပါတီအတွင်းရေးမှူး မြို့ နယ်ကော်မတီဝင်များ၊ မိတ္ထီလာမြို့နယ် ပညာ ရေးမှူး ဦးသိန်းထွန်းဦးနှင့် ကျောင်းသား ကျောင်းသူ မိဘများ တက်ရောက်ပါကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)