ထုတ်ပယ်ခံထားရသည့် သီရိလင်္ကာဝန်ကြီးချုပ် ပြန်လည်ခန့်အပ်

သမ္မတမိုင်သီရိပါလာ သီရိဆီနာက ဖြုတ်ချခဲ့ပြီး နှစ်လ အကြာတွင် ရာနေးလ်ဝစ်ကရီမီ ဆင်ဂီသည် ဝန်ကြီးချုပ် အဖြစ် ဒီဇင်ဘာ ၁၆ ရက်က ကျမ်းသစ္စာ ပြန်လည်ကျိန်ဆိုခဲ့သည်။

တံခါးပိတ်ကျမ်းသစ္စာကျိန် ဆိုပွဲ ကျင်းပစဉ် ဆင်ဂီကို ထောက်ခံသူများက မီးရှူးမီးပန်းများ ပစ် ဖောက်ကာ အောင်ပွဲခံခဲ့သည်။

သီရိဆီနာက အောက်တို ဘာတွင် ဆင်ဂီအား ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခဲ့ပြီး သမ္မတ ဟောင်း ရာဂျာပက်ဆာ နှင့် အစား ထိုးခဲ့ရာ နိုင်ငံအရေးအကျပ်အ တည်း ဖြစ်ပေါ်ခဲ့သည်။

သို့သော် ရာဂျာပက်ဆာအ နေဖြင့် ပါလီမန်တွင် အများစု ထောက်ခံမှုမရခဲ့သဖြင့် ဒီဇင်ဘာ ၁၅ ရက်က နုတ်ထွက်ခဲ့သည်။

သမ္မတရုံး၌ ပြုလုပ်သော ယခုကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဂျာ နယ်လစ်များ တက်ရောက်ခွင့်မပြု သော်လည်း ဆင်ဂီနှင့် သမ္မတ နှုတ်ဆက်နေသော ဓာတ်ပုံကို အမတ်တစ်ဦးက ၎င်း၏ တွစ်တာ ပေါ်တွင် ဖော်ပြခဲ့သည်။

‘‘လုပ်ပိုင်ခွင့်အာဏာ တရား မဝင်သိမ်းယူတာကို တိုက်ပွဲဝင်ပြီး ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းအောင် သေချာစေခဲ့တဲ့ သီရိ လင်္ကာပြည်သူတွေကို ကျွန်တော် တို့ ကျေးဇူးတင်ပါတယ်’’ဟု ဆင် ဂီ၏ ညီညွတ်သော အမျိုးသား ပါတီ(UNP)က တွစ်တာ၌ ပို့စ် တင်ခဲ့သည်။

 လာမည့်ရက်များအတွင်း အစိုးရအဖွဲ့သစ် ဖွဲ့စည်းမည်ဟု ဆင်ဂီ၏ ပြောရေးဆိုခွင့်ရှိသူတစ် ဦးက ပြောသည်။

 ပါလီမန်က လာမည့်နှစ် ဘတ်ဂျက်အတည်ပြုနိုင်ခြင်းမရှိ မှုနှင့်အတူ အာဏာလွန်ဆွဲပွဲဖြစ် ပွားခဲ့စဉ် သီရိလင်္ကာ သည် အစိုးရ ယန္တရားလည်ပတ်မှု ရပ်ဆိုင်းမှု တွေ့ကြုံခဲ့သည်။

—Ref: BBC