အမေရိကန်က ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေခြင်းကို အဆုံးသတ်ပေးရန် ဆော်ဒီအစိုးရ သတိပေး

ဆော်ဒီအစိုးရက နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်အတွင်း၌ ဆော်ဒီ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်သကဲ့သို့ ဖြစ်နေသော အမေရိကန်၏ လုပ်ဆောင်ချက်များကို ရပ်တန့်ပေးရန် သတိပေးခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

အမေရိကန်လွှတ်တော်များသည် ယီမင်စစ်ပွဲနှင့်ဆိုင်သော အကြောင်းအရာများ၊ တူရကီနိုင်ငံရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးသို့ သွားရောက်စဉ်အတွင်း သေဆုံးသွားခဲ့သော ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ခါရှိုဂီနှင့်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်သော အမေရိကန်အစိုးရ၏ မူဝါဒပိုင်းကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းအား ဆော်ဒီအစိုးရက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်လွှတ်တော်များ၏ ဆုံးဖြတ်ချက်သည် ဆော်ဒီ၏ ပြည်တွင်းရေးကို ၀င်ရောက်စွတ်ဖက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် လက်ခံမည်မဟုတ်ကြောင်း၊ ဆော်ဒီနိုင်ငံအနေဖြင့် ခါရှိုဂီသေဆုံးမှု အတွက် တာဝရှိသည်ဟု သတ်မှတ်နိုင်သူများအား ထိန်းသိမ်းမှုများ ပြုလုပ်ကာ တည်ဆဲဥပဒေများနှင့်အညီ အပြစ်ပေးမည်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အတွင်း၌ ဖော်ပြသည်။

အမေရိကန်လွှတ်တော်များသည် ဆော်ဒီအား အမေရိကန်က စစ်ရေးအရ အကူအညီပေးနေမှုအချို့ကိုလည်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

—Ref: BBC