မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ်သင်တန်းသားများအား အာဟာရဒါနကုသိုလ်ပြုကျွေးမွေး

 

မကွေး ဒီဇင်ဘာ ၁၆

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်သည် မြို့နယ်ပါတီအတွင်းရေးမှူးဦးတင်မျိုးဇော်၊ မြို့နယ်ပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စုစုနောင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များလိုက် ပါလျက် ယမန်နေ့ နံနက်၁ဝ နာရီတွင် ကံသာကြီးကျေးရွာ အေးကျောင်း တိုက်သို့သွားရောက်၍ အေးပရဟိတဆရာတော်အား ဖူးမြော်ခဲ့ပြီး ဆန်တစ်အိတ်လှူဒါန်းခြင်း၊ အဆိုပါကျောင်းတိုက်တွင်ဖွင့်လှစ်လျက်ရှိ သော ဓမ္မစကူးလ်သင်တန်းမှ သင်တန်းသားသင်တန်းသူ ၉ဝခန့်အား အာဟာရဒါနအဖြစ် ကြာဆံဟင်းခါး ကုသိုလ်ပြုကျွေးမွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းဇော်(မကွေး)