ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကော့မှူးမြို့နယ်ပါတီဝင်များနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

 

ရန်ကုန် သြဂုတ် ၂၉

ရန်ကုန်တောင်ပိုင်းခရိုင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦးနှင့် တောင်ပိုင်းခရိုင်ကော်မတီဝင်ဦးဝင်း ထွန်းနိုင်(ခ)ဦးရွှေဘော်တို့က ယနေ့ မွန်းတည့် ၁၂နာရီက ကော့မှူး မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမ၌ ပါတီဝင်များနှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြ သည်။

အဆိုပါ အလုပ်ရုံတွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နိုင်ငံတော် သီချင်းသံပြိုင်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးလွင်ဦးက အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံတော် ၏အကျပ်အတည်းများနှင့်စပ်လျဉ်း ၍ ပြည်ခိုင်ဖြိုးပါတီအစိုးရလက် ထက် ဆောင်ရွက်မှုအခြေအနေများ နှင့်ချိန်ထိုးကာ ရှင်းလင်းပြောကြား ခဲ့ပြီး ပါတီ၏မူဝါဒလမ်းစဉ်များ၊ ပါတီဌာနချုပ် ညွှန်ကြားချက်များ၊ တိုင်းဒေသကြီးခရိုင်တို့၏လမ်းညွှန် ဦးဆောင်မှုများအား ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပါတီကော် မတီဝင် ဦးရွှေဘော်နှင့် ကော့မှူး မြို့နယ်(ပထမအကြိမ်)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းထိန်တို့ တက်ရောက်ခဲ့ပြီး အတွေ့အကြုံများ၊ မြို့နယ်အကျိုးပြု လုပ်ငန်းစဉ်များ ရှင်းလင်းပြော ကြားကာ ကော့မှူးမြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်ဇင်ဟိန်း ကရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးပြောကြားကာ အလုပ်ရုံ ဆွေးနွေးပွဲကို မွန်းလွဲ ၂ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ၊ မြို့နယ် တွင်းရပ်ကွက်/ကျေးရွာ ၆၂အုပ်စု တို့မှပါတီဝင်များစုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)