ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဈေးရောင်းပွဲတော် ကျင်းပ

 နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) အား ဂုဏ်ပြုသောအားဖြင့် ဈေးရောင်း ပွဲတော်အား ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီက ပါတီဌာနချုပ်ရုံးဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါဈေးရောင်းပွဲတော်ကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း နှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ မှ ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်ဇနီး ပါတီအထွေ ထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့်ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ပါတီဗဟိုကော်မတီဝင်များ ပါတီဝင်များ တက်ရောက်အားပေးခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ကို ကြိုဆိုသောအားဖြင့် ကျင်းပပြုလုပ်သော ဈေးရောင်းပွဲတော်အား တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများ အမှတ်တရအရောင်းဆိုင်များ ဆိုင်ခန်းပေါင်း (၂၀) ဖွင့်လှစ် ရောင်းချကြပြီး ၂ ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။