ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး စစ်​ကိုင်းတိုင်း​ဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်​/မြို့နယ်​များမှ​ ကော်​မတီဝင်​များနှင့် ​တွေ့ဆုံပွဲ ပြုလုပ်

မုံရွာ၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းရုံးခန်းမကြီးတွင် ယနေ့ ၅ .၁၂ .၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့သည် တိုင်းပါတီကော်မတီများ၊ ခရိုင်ပါတီကော်မတီများ၊ မြို့နယ်ပါတီကော်မတီများနှင့် ရင်းနှီးဖော်ရွေကာ တွေ့ဆုံဆွေးကြပါသည်။

ရှေးဦးစွာ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းမှ စတင်အဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးမှ လည်းကောင်း တိုင်း ခရိုင် မြို့နယ်များမှ ပါတီဖွဲ့စည်းပုံ များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

ဗဟိုပါတီအတွင်းရေးမှူး ဦးပိုက်ထွေးမှ လည်းကောင်း၊ ဗဟိုကော်မတီဝင် ဦးလှသိန်းမှ လည်းကောင်း၊ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးမှ လည်းကောင်း၊ လိုအပ်သည်များအား ဖြည့်ဆည်းပေး၍ ရှင်းလင်း မှာကြားခဲ့ကြပြီးလျင် တိုင်းဥက္ကဌ ဒေါက်တာမြင့်သိန်းမှ လည်းကောင်း ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအား အချိန်နှင့်တပြေးညီ လုပ်ဆောင်ကြပါရန် အားပေးတိုက်တွန်းပြောကြားသွားပါသည်။

ဗဟိုပါတီအတွင်းရေးမှူး ဦးပိုက်ထွေးမှ ပိုမိုတောက်ပသော အနာဂါတ်ဆီသို့ လျှောက်လှမ်းကြပါစို့ဟု ပြောကြားရင်း နေ့လည် ၁း၃၀ နာရီတွင် တွေ့ဆုံဆွေးပွဲအား နိဂုံးချုပ်ကာ အောင်မြင်စွာ ရပ်နားခဲ့ကြပါသည်။

မျိုးမြင့်အောင် ဖေါင်းပြင်