ပါတီဗဟိုအလုပ်အမှုဆောင် ကျေးလက်နေပြည်သူများကို အခမဲ့ ဆေးကုသရာနေရာများသို့ သွားရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် ရွာသစ်အုပ်စု ရွာသစ်ကျေးရွာ ရပ်/ကျေးကော်မတီဝင် ဒေါ်ချောအိခိုင်နေအိမ်၌ ယနေ့နံနက် ၉ နာရီမှစတင်ပြီး ပြည်ခိုင်ဖြိုးပါတီက ကျေးရွာအတွင်းရှိ ပြည်သူများကို အခမဲ့ကျန်းမာရေးကုသ စောင့်ရှောက်မှုပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမဲ့ဆေးကုသခြင်းအား ဒုတိယမြောက်နေ့အဖြစ် ရွာသစ်ကျေးရွာ၌ ဆက်လက်ကုသပေးရာသို့ ဗဟိုအလုပ်အမှု ဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေ နာယကများဖြစ်ကြသော ဦးခင်မောင်ဌေး၊ ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး နှင့် ခရိုင်ကော်မတီဝင်များ၊ နေပြည်တော် ရှစ်မြို့နယ်မှဥက္ကဋ္ဌများ တက်ရောက်အားပေးခဲ့ကြကြောင်းသိရသည်။ ဆေးကုသမှု ခံယူရန်ရောက်ရှိလာကြသော လူနာများအား ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စု နယ်မြေ ပါတီဥက္ကဋ္ဌဦးဝေလွင်က ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ဆေးရုံတက်ကုသမှုခံယူရန် လို အပ်သောလူများနှင့် ခွဲစိတ်ကုသရန်လိုအပ် သောလူနာများကိုလည်း ဆေးရုံဆေးခန်း များနှင့်ချိတ်ဆက်ပြီး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့သည်။ ယနေ့တွင်လူနာ ၁ဝဝ ခန့် ကုသပေးခဲ့ပြီး နောက်ရက်များတွင် အခြားကျေးရွာများကို ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်အောင်(နေပြည်တော်)