ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂ဝ၁၇) ဆက်လက်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၄

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ (၄/၂ဝ၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။
အစီအစဉ်အရ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ဌာနကြီးများ၊ ရေးရာ ကော်မတီများ၊ ဗဟိုလုပ်ငန်းအဖွဲ့အစည်း၊ လွှတ်တော်ရေးရာတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ရှင်းလင်းဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ပြီး လိုအပ်ချက်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ညနေ ၆ နာရီအချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့သည်။