မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံစက်ချုပ်သင်တန်းဖွင့်

ရန်ကုန်၊ ဒီဇင်ဘာ ၎

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ အမျိုးသမီးရေးရာ အခြေခံစက်ချုပ် သင်တန်းအမှတ်စဉ် ၇/၂ဝ၁၈ ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပုသိမ်ညွန့်ရပ်ကွက် ဆီစက်ဝင်း သာသနဟိတ ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ဗဟိုကော်မတီ တိုင်းအမျိုး သမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်အကြောင်းအရာများကို ပြောကြားခဲ့သည်။ ထိုအခမ်းအနားသို့ ဗဟိုကော်မတီ ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်း ဆရာဆရာမများ၊ သင်တန်းသူများ၊ ရပ်ကွက်ပါတီခေါင်းဆောင်များ စုစုပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့သည်။

 ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)