စိန်လည်ကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူ

 

ဝန်းသို၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် လက်ပံကြီးတောအုပ်စု စိန်လည်ကျေးရွာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ်တင်ပွဲကို စိန်လည်ကျေးရွာ ဦးကျော်လွင်နေအိမ်၌ ယခုလ ၁၁ ရက်က စိုက်ထူခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်တင်ပွဲတွင် ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီအတွင်းရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စိန်လည်ကျေးရွာမှ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၃ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးလှိုင်(ဝန်းသို)