တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 

ထားဝယ်၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနား မစတင်မီ သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ အားအလေးပြုပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်က အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ရာတွင် တိုင်းဒေသကြီးအတွင်းရှိသည့် ပါတီဝင်အင်အား၊ အမျိုးသမီးခေါင်းဆောင်မှုများနှင့် ဗဟိုအမျိုးသမီးညီလာခံသို့ ဆက်လက်တက်ရမည့်အကြောင်းအရာများကို ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးတာဝန်ခံ ဒေါ်မြမြစိမ်းက ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ဆွေးနွေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ရှေ့ဆက်ဆောင်ရွက်သွားကြရ မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပြီး ပထမပိုင်းအခမ်းအနားအစီအစဉ်ကို ခေတ္တရပ်နားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနား အစီအစဉ်ကိုဆက်လက်ကျင်းပခဲ့ရာ အခမ်း အနားသို့တက်ရောက်လာကြသော အမျိုးသမီးတာဝန်ခံများ၊ အမျိုးသမီးကိုယ်စားလှယ် အစုအဖွဲ့အလိုက်အဖွဲ့လေးဖွဲ့ခွဲ၍ စာတမ်းခေါင်းစဉ်လေးခုကို ကဏ္ဍအလိုက် အတွေ့အကြုံများ နှီးနှောဖလှယ်ဆွေးနွေးပြီး အကြံပြု ချက်များအား စာတမ်းပြုစုပြီး ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကို ခေတ္တ ရပ်နားခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် ပြန်လည်စတင်ခဲ့ရာ ကဏ္ဍအလိုက် စာတမ်းပြုစုထားရှိသော အစီရင်ခံတင်ပြမည့် စာတမ်းဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေး၊ အမျိုးသမီးများ၏လုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးထုအတွင်း အမျိုး ဂုဏ်ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏အခွင့်ရေးများကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အမျိုးသမီးပါတီဝင်သစ် များစုဆောင်းရေးနှင့် ၂ဝ၂ဝအထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီ ဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေးစသည့် စာ တမ်းများကို သက်ဆိုင်ရာအစုအဖွဲ့ခေါင်း ဆောင်တို့က သဘာပတိကြီးအဖွဲ့ထံသို့ အသီးသီးအစီရင်ခံဖတ်ကြား တင်သွင်းခဲ့ ရာတွင် သဘာပတိကြီးဒေါ်ရီရီလွင်က အစုအဖွဲ့များမှ အစီရင်ခံတင်သွင်းသည့် စာတမ်းများကိုမှတ်တမ်းတင်ခြင်း၊ ရှေ့လုပ် ငန်းစဉ်များဆောင်ရွက်ရန်အတွက် ဆုံးဖြတ်ချက်ချ အတည်ပြုပေးရန်သဘောတူခဲ့ ကြောင်း သိရသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ‘ပြည်ခိုင်ဖြိုးဟေ့’ သီချင်း သံပြိုင်သီဆိုခြင်းဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/ မြို့နယ်အမျိုးသမီးတာဝန်ခံ နှင့်ကိုယ်စားလှယ်များ၊ အမျိုးသမီးပါတီဝင်ထုများ၊ ပါတီဝန်းရံသူများ စုစုပေါင်း အင်အား ၂၈ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူမျိုး(တနင်္သာရီ)