အော်လန်ဒိုမြို့ဖျော်ဖြေပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အဆိုတော်ခရစ္စတီးနားဂရင်မီ သေဆုံး

အမေရိကန်အဆို တော် ခရစ္စတီးနားဂရင်မီသည် ဇွန်လ ၁၀ ရက်တွင် ဖလော်ရီဒါ ပြည်နယ် အော်လန်ဒိုမြို့ ဖျော်ဖြေ ပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ၎င်း၏ ပြော ရေးဆိုခွင့်ရသူက ပြောကြား သည်။

အသက် (၂၂) နှစ်အရွယ် ခရစ္စတီးနားဂရင်မီသည် ၂၀၁၄ က The Voice သီချင်းဆိုပြိုင်ပွဲ ပွဲစဉ် (၆)တွင် တတိယဆုရရှိခဲ့သူ ဖြစ်သည်။ ခရစ္စတီးနားသည် အော်လန်ဒိုမြို့၌ ပြုလုပ်သော ဖျော်ဖြေပွဲပြီးနောက် ပရိသတ် အား အမှတ်တရ လက်မှတ်ရေး ထိုးပေးနေစဉ် အမျိုးသားတစ်ဦး က ၎င်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။

ခရစ္စတီးနားသည် သေနတ် ဒဏ်ရာများဖြင့် ဆေးရုံ၌ ကွယ် လွန်သွားသည်ဟု အော်လန်ဒို ရဲ တပ်ဖွဲ့က ပြောသည်။ခရစ္စတီးနား ၏ အစ်ကိုက ယင်းသေနတ်သမား ကို ၀င်ရောက်ဖမ်းဆီးစဉ်သေနတ် သမားသည် သေနတ်ဖြင့် ကိုယ့် ကိုယ်ကိုယ် အဆုံးစီရင်သွားသည် ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ သံသယရှိသူအနေဖြင့် ဖျော်ဖြေ ပွဲကျင်းပရာနေရာသို့ သေနတ် များဖြင့် မည်သို့ဝင်ရောက်နိုင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က စတင်စုံစမ်း နေပြီဖြစ်သည်။ Ref; Just Jared


Leave a Reply