Johnson & Johnson က သူ့ရဲ့ ကလေးသုံး ထုတ်ကုန်ပစ္စည်းတွေမှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်ဟု ဝန်ခံ

ကလေးတွေရဲ့ ကျန်းမာပျော်ရွှင်မှုက အဓိက ဦးစားပေးဖြစ်သင့်ပါတယ်။ မိခင်တွေ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အရမ်းဂရုစိုက်ကြပြီး နောက်ပိုင်း ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှုဖြစ်စေနိုင်တဲ့ အရာမှန်သမျှ ရှောင်ကြပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်များနဲ့ ထိတွေ့မှုလျော့ချပြီး ဆေးလိပ်ခိုးငွေ့ကနေတောင် ကာကွယ်မှု လုပ်ကြပါတယ်။

ဒါပေမယ့် ကလေးငယ်တွေရဲ့ အသုံးပြုပစ္စည်းတွေ ထုတ်လုပ်သော ကုမ္ပဏီကြီးဖြစ်တဲ့ Johnson & Johnson က ကျန်းမာရေးအကျိုးမပြုဘဲ ပြင်းထန်တဲ့ ပြသနာတွေဖြစ်စေနိုင်တဲ့ ပစ္စည်းများစွာ အသုံးပြုပါတယ်။ ဆိုရရင် ကလေးတွေရဲ့ကိုယ်ခံအားက အင်မတန် နုနယ်ပါတယ်။ ကလေးကို သဘာဝမဟုတ်တဲ့ လူလုပ်ပစ္စည်းနဲ့ အဆိပ်အတောက်တွေ မြင့်မားတဲ့ ရေချိုးကန်ထဲထားပါက ကျန်းမာရေးချို့တဲ့ခြင်း၊ အလိုအလျောက် ကိုယ်ခံအားပြသနာနဲ့ နာတာရှည်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

ဒီ့အပြင် Johnson & Johnson ရဲ့ ထုတ်ကုန်တွေဟာ ကလေးငယ်များရဲ့ ကိုယ်ခံအားကို စိန်ခေါ်နေပါတယ်။ သူတို့ရဲ့ နူးညံ့တဲ့အရေပြားကို ကျိန်းစပ်စေတယ်။ ကိုယ်ခံစား ပြန်လည်တုံ့ပြန်မှု လွန်ကဲပြီး ကိုယ်ခံအားစနစ် အားနည်းစေကာ နောက်ပိုင်း ရောဂါဘယတွေနဲ့ ကင်ဆာဖြစ်ပွားစေတဲ့ ရောဂါတွေ ဖြစ်လာစေတတ်ပါတယ်။ အဲဒီထုတ်ကုန်ပေါ်က ပါဝင်ပစ္စည်းစာရင်းကို သေချာကြည့်ပါက နာမည်တောင် မှန်အောင် အသံထွက်လို့မရတဲ့ ပစ္စည်းအထူးအဆန်းတွေ အရမ်းများတာ တွေ့ပါလိမ့်မယ်။

Johnson & Johnson မှ ထုတ်လုပ်တဲ့ ကလေးခေါင်းလျှော်ရည်မှာ Quaternium-15 ခေါ် အင်မတန်အန္တရာယ်များသော ကင်ဆာရောဂါ ဖြစ်စေတဲ့ ပစ္စည်းတစ်ခု ပါဝင်ပါတယ်။ ဒီစက်ရုံထုတ် ပစ္စည်းတွေမှာ 14-dioxane ခေါ် နောက်အဆိပ်အတောက်တစ်ခုလည်း ပါဝင်တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီရဲ့ ပြောဆိုချက်အရ ဒီအဆိပ်အတောက်မှာ မူးဝေခြင်း၊ အရေပြားကျိန်းစပ်ခြင်း၊ အသည်းပျက်စီးခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အိပ်ငိုက်တာတွေ ဖြစ်စေကြောင်း သိရပါတယ်။

နောက်ဆုံးတော့ Johnson & Johnson က ဒါကို ဝန်ခံပြီး အမေရိကမှာ ရောင်းချထားတဲ့ သူတို့ထုတ်ကုန်ပစ္စည်းတွေ ပြန်ရုတ်သိမ်းရေး ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ် ဘယ်လောက်ကြာမလဲ ဘယ်သူမှ မသိနိုင်ပါ။ ဒါကြောင့် Johnson & Johnson ရဲ့ ကလေးသုံး ထုတ်ကုန်တွေမှာ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ပါဝင်ပစ္စည်းတွေ သိပြီးတဲ့နောက် ကျန်းမာရေးနဲ့ ပိုမိုညီညွတ် ဘေးကင်းလုံခြုံတဲ့ ပစ္စည်းများ အစားထိုးသင့်ပါတယ်။

Ref:healthyfoodhouse


Leave a Reply