DOTS ဇာတ်လမ်းတွဲပါ နာမည်ကျော်ဇာတ်ဝင်ခန်းတွင် ပရိသတ်များကိုယ်တိုင်ပါဝင်ရိုက်ကူးနိုင်

လတ်တလောတွင် မြန်မာအပါအဝင် အာရှတစ်ဝန်း ရေပန်းစားလူကြိုက်များနေသော ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Descendants of The Sun (DOTS) ဇာတ်ကားမှ မင်းသား ဆောင်ဂျွန်ကီ၏ပရိသတ်များအ တွက် ကိုရီးယား Expo 2016 ပြပွဲ ၌ ၎င်း၏ ဇာတ်ဝင်ခန်းရုပ်ပုံနှင့်အ တူ အခမဲ့ဓာတ်ပုံရိုက်နိုင်ကြောင်း သိရသည်။

တပ်မတော်ခန်းမတွင် ပြု လုပ်နေသည့် ကိုရီးယား Expo 2016 ပြပွဲ၌ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲ DOTS မှ မင်းသား ဆောင်ဂျွန်ကီရုပ်နှင့်အတူ ဓာတ် ပုံတွဲရိုက်နိုင်ရန် Photo Booth ကို စီစဉ်ထားခြင်းဖြစ်သည်။

‘‘ဆောင်ဂျွန်ကီကို အရမ်း ကြိုက်လို့ ပွဲကိုလာခဲ့တာပါ။ ဆင် ပေးထားတဲ့ ရုပ်ပုံလေးကလည်း မင်းသားက ကိုယ့်ကို ဖိနပ်စီးပေး နေတဲ့ပုံစံဆိုတော့ အရမ်းသဘော ကျတယ်။ ကိုရီးယားပြပွဲမှာ ခေတ် စားနေတဲ့ အခုကိုရီးယားမင်းသား လေးနဲ့ ဓာတ်ပုံတွဲရိုက်ရတယ်ဆို တော့ ပျော်တာပေါ့’’ဟု အဆိုပါ ပြပွဲသို့လာသည့် အသက် (၁၉) နှစ်အရွယ် မအိမ့်သူသူခင်က ပြောသည်။

ယင်းဇာတ်ဝင်ခန်းမှာ ငလျင်လှုပ်ခတ်သည့်နေရာတွင် ကယ် ဆယ်ရေးတာဝန်ကျ အထူးတပ်ဖွဲ့ ခေါင်းဆောင် ကပ္ပတိန်ယူစီဂျင်း (ဆောင်ဂျွန်ကီ)က     ယင်းနေရာ၌ပင် ကယ်ဆယ်ရေးအ တွက် တာဝန်ကျသည့် ဆရာဝန် ကမ်မိုယောင်း (ဆောင်းဟေကို) ၏ ဖိနပ်ကြိုးကို ပြန်လည်ချည်ပေး နေသည့် ဇာတ်ဝင်ခန်းဖြစ်သည်။

အဆိုပါပြပွဲကို မေလ ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်ကျင်းပပြုလုပ်မည်ဖြစ်ပြီး မင်း သားဆောင်ဂျွန်ကီပါဝင်သည့် DOTS ရုပ်သံဇာတ်လမ်းတွဲအား ဇွန်လ ၆ ရက်တွင် For Ladies ချန်နယ်နှင့် ဇွန်လ ၁၇ ရက်တို့တွင်Channel 7 တို့၌ စတင်ပြသမည် ဖြစ်ကြောင်း သိရသည်။


Leave a Reply