မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးတွင် လုပ်သက်ရင့်ပါတီဝင်ကြီးများအား ကန်ေ

 

မလှိုင် နိုဝင်ဘာ ၎

မန္တလေးတိုင်းဒေသကြီး မလှိုင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စီနီယာပါတီ ဝင်ကြီးများအား ကန်တော့ခြင်း နှင့် KBZ ဘဏ်မှ ငွေကြေးဝန် ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးရှင်းလင်း ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ တွင်ကျင်းပသည့် လစဉ်ပုံမှန် အစည်းအဝေး၌ ပူးတွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မလှိုင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစိုးသိန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များက ပြည်ခိုင်ဖြိုးပါတီမှ လုပ်သက်ရင့် စီနီယာပါတီဝင်ကြီးရှစ်ဦးတို့အား ကန်တော့ပစ္စည်းများနှင့်အတူ ကန် တော့ခဲ့ကြသည်။ ထို့နောက် လစဉ် ပြုလုပ်နေကျပုံမှန်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ပါတီ ဥက္ကဋ္ဌက စည်းရုံးရေးဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ အကျယ် တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မလှိုင်မြို့နယ် KBZ ဘဏ်မန်နေဂျာ ဒေါ်လှိုင် ဝင်းမော်က ငွေကြေးဝန်ဆောင်မှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားပြီး ပါတီဝင်များအား ငွေကြေးစု ဆောင်းခြင်း၊ လွှဲပြောင်းခြင်းများ နှင့်ပတ်သက်၍ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

သစ်သစ်