ဘာသာစော်ကားမှု အပေါ်ဆုံးဖြတ်ချက် ပါကစ္စတန်မှာ ပြဿနာတက်

အစ္စလမ်ဘာသာရဲ့တမန်တော်ကို ပုတ်ခတ်စော်ကားမှုနဲ့စွပ်စွဲခံထားရတဲ့ ခရစ်ယာန်အမျိုးသမီးတဦးနဲ့ ပတ်သက်တဲ့ အမှုကို နိုင်ငံတော်တရားရုံးချုပ်က အပြစ်မရှိကြောင်းစီရင်ချက်ချခဲ့တဲ့အတွက် အစ္စလမ်မ ဘတ်မြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွါးနေတာ သုံးရက်ရှိနေပါပြီ။

သောကြာနေ့နှောင်းပိုင်းတုန်းကတော့ ပါကစ္စတန်အစိုးရဲ့ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ တခုရဲ့ဆောင်ရွက် ချက်ကြောင့် အစ္စလာမ်္မစ်အုပ်စုတွေနဲ့ သဘောတူညီမှုတခုရရှိခဲ့ပါတယ်။ တရားရုံးက အယူခံကိုကြားနာ နေတဲ့ ကာလအတွင်း ပါကစ္စတန်နိုင်ငံကနေ အဲဒီခရစ်ယန်အမျိုးသမီး မထွက်ခွါသွားရေး ဥပဒေအရ တားမြစ်ရေးကိုဆောင်ရွက်ဖို့ အစိုးရကသဘောတူညီခဲ့တာပါ။
TLYR အစ္စလာမ်္မစ်အုပ်စုဝင်တွေက နိုင်ငံတ၀ှမ်းကမြို့ကြီးတွေရဲ့လမ်းမတွေကို ပိတ်ဆို့ခဲ့ကြပြီး ရဲတွေနဲ့လည်း တညလုံး ပဋိပက္ခတွေဖြစ်ခဲ့ကြတာပါ။ Asia Bibi ဆိုတဲ့ခရစ်ယာန်အမျိုးသမီးရဲ့အမှုမှာ အပြစ်မရှိကြောင်း နိုင်ငံတော် တရားရုံးကဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့ကတည်းက ဆန္ဒပြပွဲတွေစ တင်ခဲ့တာပါ။

အငြင်းပွါးစရာဖြစ်နေတဲ့ ပါကစ္စတန်နိုင်ငံရဲ့ ဘာသာရေးစော်ကားမှုဆိုင်ရာဥပဒေအရ Asia Bibi ဟာ ၂၀၁၀ ခုနှစ်ကတည်းက သေဒဏ် အပြစ်ပေးမှုနဲ့ရင်ဆိုင်နေရတာပါ။ သူ့ကို ရေတိုက်တာကို ခရစ်ယာန်ဖြစ်တာကြောင့် ငြင်းခဲ့ရာက တခြားအမျိုးသမီးတွေနဲ့ အငြင်းအခုန်ဖြစ်ခဲ့ကြပြီးနောက်ပိုင်း သူဟာမဟုတ်မမှန်စွပ်စွဲခံခဲ့ရတယ်လို့ Asia Bibi ကပြောပါတယ်။

မနေ့တုန်းကလည်း တခြားဘာသာရေးအုပ်စုတွေရဲ့ဆန္ဒပြမှုတွေရှိခဲ့တယ်ဆိုပေမဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါ တယ်။ ဆန္ဒပြမှုတွေကိုတော့ ရုပ်မြင်သံကြားတွေကနေမထုတ်လွှင့်ဖို့ ပါကစ္စတန် အစိုးရက တားမြစ်ထားပါတယ်။

-Ref: VOA