ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီ၏ ၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေး မဲဆန္ဒရှင်​ပြည်​သူလူထုနှင့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

 

အောက်​တိုဘာ ၂၉၊ ရန်ကုန်

ရန်ကုန်တိုင်း​ဒေသကြီး၊ တာမွေမြို့နယ်၊ ဟစ်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည့် တာမွေမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ၏ ၂၀၁၈ကြားဖြတ်​​ ရွေး​ကောက်​ပွဲ​​အောင်​နိုင်​​ရေး မဲဆန္ဒရှင်​ ပြည်​သူလူထုနှင့်​​တွေ့ဆုံပွဲအခမ်းအနားအား ယ​နေ့နံနက်​(၈)နာရီကကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​​ဌေး တက်​​ရောက်​အား​ပေးချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ​တာမွေမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးမျိုးဝင်းကျော်အား မဲဆန္ဒရှင်​ပြည်​သူများထံ မိတ်​ဆက်​အပ်​နှံ၍ ကိုယ်​စားလှယ်​​လောင်း၏ ကိုယ်​​ရေးအကျဉ်းအား အခမ်းအနားမှူးမှ ဖတ်​ကြား​ပေးခဲ့သည်​။

ထို့​နောက်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားခဲ့ပြီး​နောက်​ လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးနေမျိုးကျော်မှ မဲဆန္ဒရှင်​ပြည်​သူအား နှုတ်​ခွန်းဆက်​စကားပြောကြား၍ အခမ်းအနားကို ​ကြွေး​ကြော်​သံများဖြင့်​ ရုပ်​သိမ်းခဲ့သည်​။

အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး ၊ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော ရန်ကုန်တိုင်းဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးခင်ရီ ၊ဦးဝဏ္ဏ​မောင်​လွင်​၊ ဦးလှသိန်း၊ ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ​​ ဦးခင်မောင်စိုး၊ ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ မဲဆန္ဒရှင်​ပြည်​သူများအပါအဝင်​ စုစု​ပေါင်းအင်အား (၃၀၀၀) ဦးခန့်​တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

WHT