ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ပြည်ခိုင်ဖြိုးပါတီဝင်များ ပြည်သူနှင့် Door to Door တွေ့ဆုံ

 

မြင်းခြံ အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီးမြင်းခြံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအတွက် မြို့နယ် အတွင်းရှိ ပြည်သူများနေထိုင်ရာ ဆိတ်ညံကျေးရွာနှင့်သပြေသာကျေး ရွာများသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ ယမန်နေ့က တစ်အိမ်တက်ဆင်း (Door to Door) သွားရောက်ကာ ဆန္ဒမဲပေးပုံနည်းစနစ်များကို ရှင်း လင်းဆောင်ရွက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် လူငယ်အဖွဲ့များသည် ရွေးကောက် ပွဲတွင်မဲပေးရာ၌ မဲပေးမမှားစေရန် နှင့်ပြည်ခိုင်ဖြိုးပါတီကပြည်သူများ အကျိုးသယ်ပိုးထမ်းဆောင်သွားမည့် အကြောင်း စသည်တို့ကိုရှင်းလင်း ပြောကြားခဲ့သည်။

ထိုသို့လုပ်ငန်းများအား မြင်းခြံ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းဒေါက်တာသန်းဝင်း နှင့်အတူ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဒေါ်သိင်္ဂီအောင်နှင့်ဒေါ်သန်းသန်းအေး ဦးဆောင်သော တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်ပါတီကော်မတီဝင် များ၊ ပါတီဝင်များနှင့်သီဟသွေး လူငယ်အဖွဲ့များ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)