သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ရှင်အောင်တပည့်တော်စုမှ ခရစ်ယာန်ဘာသာဝင် များသည် Christmas အကြို ဓမ္မတေးသီချင်းများ လာရောက်သီဆို

18.12.2017 တနင်္လာနေ့

သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ရှင်အောင်တပည့်တော်စုမှ ခရစ်ယာန်ဘာသာဝင် များသည် ယမန်နေ့ည ၈ နာရီအချိန်ခန့်တွင် Chrisrmas အကြို ဓမ္မတေးသီချင်းများကို လာရောက်သီဆိုခဲ့ ကြသည်။ အဆိုပါအဖွဲ့အား မြို့နယ်ပါတီဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ်ကော်မတီဝင်များ၊ ရုံးဝန်ထမ်းများနှင့် ပါတီဝင်များက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး စားသောက်ဖွယ်ရာများကို တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။ ထို့နောက် ရှင်အောင်တပည့်တော်စုမှ ခရစ်ယာန်ဘာသာဝင်များမှ ဆုတောင်းပေးခြင်း ၊ ဓမ္မတေးသီချင်းများ သီဆိုခြင်းများ ပြုလုပ်ကြပြီး မြို့နယ်ဥက္ကဌ ဦးစန်းနိုင်မှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြု ဆုတော်ငွေများကိုလည်း ပေးအပ်ခဲ့သည်။