ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကချင်ပြည်နယ်အတွင်းရှိ ခရိုင် မြို့နယ် ရပ်ကျေးအဆင့် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ ပါတီအဆင့် တာဝန်ရှိသူများတွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်

အခမ်းအနားတွင် ခရိုင်၊ မြို့နယ် များမှပါတီတာဝန်ရှိသူများမိမိတို့၏ သက်ဆိုင်ရာနယ်မြေအလိုက် တင်ပြလာမှုများနှင့်စပ်လျဉ်း၍ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းပြောကြားကာ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးကိစ္စများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံး ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကွက်ကျေးရွာပါတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။