မော်လမြိုင်ကျွန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ။

 

၁၆.၁၀. ၂၀၁၈​နေ့ နံနက်​ ၉နာရီအချိန်​ ဧရာဝတီတိုင်း​ဒသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအား ကျင်းပခဲ့ပါသည်။ အခမ်းအနားကို ရှေးဦးစွာ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးမှ လမ်းညွန်အမှာစကားပြောကြားကာ၊ တိုင်းဒေသကြီးပါတီကော်မတီဝင်
အမျိုးသမီးရေးရာတွဲဖက်တာဝန်ခံမှ ညီလာခံကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံမှ ညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပမည့်အစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် အစီအစဉ်အရ အစုအဖွဲ့အလိုက် စာတမ်း ( ၄) စောင်အား ဖတ်ကြားတင်ပြခဲ့ပြီး မြို့နယ်ပါတီ အတွင်းရေးမှူး မှ တိုင်းဒေသကြီးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ နှင့် ဗဟိုအမျိုးသမီးညီလာခံသို့ တက်ရောက်မည့် ညီလာခံကိုယ်စားလှယ် အမည်စာရင်း များအား ဖတ်ကြားတင်ပြခဲ့ပါသည်။
ထို့နောက် သဘာပတိမှ မှတ်တမ်းတင်ခြင်း၊ အတည်ပြု ခြင်း နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအား ထုတ်ပြန်ကြေညာပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌ မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို “ပြည်ခိုင်ဖြိုးဟေ့” တေးသီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားကို တိုင်းပါတီ အတွင်းရေးမှူး ဦးဝင်ကိုကို ၊ တိုင်းပါတီ ကော်မတီဝင် အမျိုးသမီးရေးရာ တွဲဖက်တာဝန်ခံ ဒေါ်စိုးစိုးရီ ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးလှိုင်ဦး ၊ ခရိုင်ပါတီကော်မတီဝင် ဦးချစ်သိန်း၊ ဦးအုန်းကျော်၊ ဦးမြင့်ဆွေ ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်အောင် ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ဇော်လှိုင် ၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေး ပါတီ
ဥက္ကဋ္ဌ များနှင့် အမျိုးသမီးညီလာခံကိုယ်စားလှယ်( ၁၅၀ )ဦးတက်ရောက်ခဲ့ပါသည်။