မအူပင်ပြည်ခိုင်ဖြိုးပါတီ ကျေးလက်ဒေသဖွံ့ဖြိုးရေး တွေ့ဆုံညှိနှိုင်း

 

မအူပင် အောက်တိုဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် မြို့နယ်အတွင်းရှိ ကျေး လက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် တွေ့ ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီခွဲ၌ မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာရှိကျေးရွာမီးလင်းရေး ကော်မတီရုံးတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲ၌ မအူပင်မြို့နယ် တောင်ဘက်ခြမ်းတွင်ရှိသော ကျွဲဒုံး ကျေးရွာ၊ ကျုံနတ္တော်ကျေးရွာ၊ ဆိပ် သာကျေးရွာ၊ အောက်ထုံးကျေးရွာ၊ လက်ပံကျွန်းကျေးရွာ၊ ကျုံကရင် ကျေးရွာများကို ဖြတ်ကျော်ဆက် သွယ်မည့် ရွာချင်းဆက်လမ်းများ နှင့်တိမ်ကောနေသောမြောင်းများ ကို မြောင်းဖြစ်၊ တာဖြစ်တူးဖော် ခြင်းအား ဘက်ဟိုးစက်ဖြင့် ကူညီ ဆောင်ရွက်ပေးရန်အတွက်လုပ်ငန်း ညှိနှိုင်းခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မအူပင် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော် ဖေဦး၊ မအူပင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့ နယ်အရန်ကော်မတီဝင်များ၊ ကျော် ကမ္ဘာဦးမြစိုး၊ ဘက်ဟိုးတူးဖော် မည့် ကျေးရွာအုပ်စုများမှ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌများနှင့် ရပ်မိရပ်ဖ များနှင့် ဒေသဖွံ့ဖြိုးရေးကော်မတီ ဝင်များ စုစုပေါင်း ၅ဝကျော်တက် ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)