လူငယ်မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ စာတမ်းပြု စုပေါင်းဆွေးနွေး

 

ရန်ကုန် မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁နာရီမှစတင်၍ ခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ မြို့နယ် များမှ လူငယ်တာဝန်ခံများစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ညီလာခံတွင်ဆွေးနွေးနိုင်ရန်အတွက် လူငယ်မူဝါဒနှင့်ရှေ့ လုပ်ငန်းစဉ်များကိုစာတမ်းပြုစု၍ စုပေါင်းဆွေးနွေးမှုများ ကျင်းပခဲ့ပြီး လူငယ်များအနာဂတ်ဘဝသာယာလှပရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာသော မြို့နယ်များမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)