Huawei P9 ကို ပြည်တွင်းတွင် မကြာမီ ဝယ်ယူနိုင်မည်

ဂျာမနီ၏ နာမည်ကြီး Leica မှန်ဘီလူး အမျိုးအစား တပ်ဆင်အသုံးပြုထားသည့် Huawei ၏ flagship မော်ဒယ် P9 စမတ်ဖုန်းကို ယခုလ ၂၅ ရက်မှစတင်၍ ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

New Picture (3)

“Huawei P9 ကို ဇွန်လ ၁၈ ရက်မှာ တရားဝင် မိတ်ဆက်သွားဖို့ရှိပါတယ်။ စတင်ဝယ်ယူနိုင်မှာကတော့ ဇွန်လ ၂၅ ရက်မှာ စတင် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်” ဟု Huawei Myanmar မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ Huawei P9 ကို အရောင်သုံးမျိုးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး 3GB RAM နှင့် 32GB ROM အမျိုးအစားကို တန်ဖိုး ၅ သိန်းနှင့် ၆ သိန်းကြား ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


Leave a Reply