စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ခြင်းနှင့်ပါတီဝင်အသိအမှတ်ပြုလွှာပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံတက်ရောက်

 

ကော့ကရိတ် အောက်တိုဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ကရင်ပြည်နယ် ပါတီ အတွင်းရေးမှူး ဦးစန်းကို လိုက်ပါ၍ ကော့ကရိတ်မြို့နယ် လှိုင်ဝကျေးရွာရှိ လှိုင်ဝဆရာတော် အားဖူးမြော်၍ သင်္ကန်းနှင့် နဝကမ္မ အလှူငွေကျပ် ၃ဝဝဝဝ ဆက် ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် လှိုင်ဝဘုန်းကြီး ကျောင်းဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက စုပေါင်းပါတီဝင် အဆို ပြုလွှာပေးအပ်ပွဲနှင့် ပါတီဝင် အသိ အမှတ်ပြုလွှာပြန်လည်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။ အခမ်းအနားကို နိုင်ငံတော် သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ကရင် ပြည်နယ်တာဝန်ခံနှင့်ပြည်နယ်ပါတီ အတွင်းရေးမှူးတို့က အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရေကျော်ကြီး ကျေးရွာအုပ်စုရှိ စုပေါင်းပါတီဝင် အဆိုပြုလွှာ ၂၁ဝကို ကျေးရွာပါတီ ဥက္ကဋ္ဌက မြို့နယ်ပါတီဥက္ကဋ္ဌသို့ ပေးအပ်ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှလှူဒါန်းသော အဝတ် အထည်များနှင့် ကြက်မတွန်းကုန်း ကျေးရွာတွင်းလမ်းပြုပြင်ရန် အလှူ ငွေကျပ် ၂ဝဝဝဝဝ ကို ကရင်ပြည် နယ်တာဝန်ခံ ဦးသူရိန်ဇော်က ပေး အပ်ရာ ကျေးရွာပါတီဝင်ကိုယ်စား လှယ်တစ်ဦးစီကလက်ခံရယူခဲ့သည်။

မြို့နယ်ပါတီမှပအိုဝ့်ယဉ်ကျေး မှုအတွက် အလှူငွေကျပ် ၃ဝဝဝဝ ကိုပေးအပ်ရာ ပအိုဝ့်ယဉ်ကျေးမှု ခေါင်းဆောင်က လက်ခံရယူခဲ့ သည်။ ပြည်ခိုင်ဖြိုးပါတီသို့ဝင် ရောက်ရခြင်းအကြောင်းကို ကျေး ရွာသားတစ်ဦးက ရှင်းလင်းပြော ကြားပြီး ပြည်နယ်ပါတီအတွင်း ရေးမှူးက ပါတီဝင်အသိအမှတ်ပြု လွှာများပြန်လည်ပေးအပ်ရာ ကျေး ရွာပါတီဝင်တစ်ဦးက လက်ခံရယူ ခဲ့သည်။ ကရင်ပြည်နယ်တာဝန်ခံ နှင့်အဖွဲ့က တက်ရောက်လာသော ပါတီဝင်အသစ်များကို ရင်ထိုးတံ ဆိပ်များ တပ်ဆင်ပေးခဲ့သည်။ အခမ်းအနားကို ”ဒို့ပြည်ခိုင်ဖြိုး ပါတီ”သီချင်းသီဆို၍ ရုပ်သိမ်းခဲ့ သည်။

အခမ်းအနားသို့ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင် များ၊ ရုံးဦးစီးအဖွဲ့ဝင်များ ၇၅ဦး နှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်အင်အား ၃ဝ၅ ဦး စုစု ပေါင်းအင်အား ၃၈ဝ တက်ရောက် ခဲ့သည်။ နံနက် ၁၁ နာရီတွင် အခမ်းအနားပြီးဆုံးပြီးနောက်ကရင် ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်နှင့် အဖွဲ့သည် လှိုင်ဝဆရာတော်အား နေ့ဆွမ်းဆက်ကပ်ခဲ့သည်။

ထို့နောက် လှိုင်ဝကျေးရွာတွင် ပြုလုပ်သော မိုးရာသီအလွတ်တန်း ဘောလုံးပြိုင်ပွဲ တတိယဆုအတွက် အလှူငွေကို ကရင်ပြည်နယ်ပါတီမှ ထည့်ဝင်ငွေကျပ် ၁ဝဝဝဝဝ၊ ခရိုင် မြို့နယ်ပါတီမှ ထည့်ဝင်ငွေကျပ် ၅ဝဝဝဝ စုစုပေါင်းကျပ် ၂ဝဝဝဝဝ ပေးအပ်ရာ လှိုင်ဝကျေးရွာ ဘော လုံးပွဲ ဖြစ်မြောက်ရေးကော်မတီ ဦးရေကျော်မောင်က လက်ခံရယူ ခဲ့ကြောင်းသိရသည်။