တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

တနင်္သာရီ အောက်တိုဘာ ၇

တနင်္သာရီမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အင်အားတိုးပွားရေးအတွက် ကွင်းဆင်းစည်းရုံးဆောင်ရွက်ရန်လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၈နာရီ ၁၅ မိနစ်က ဘိုးဘွား ရိပ်သာဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်က မြို့ နယ်ပါတီ၏ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်ပါတီဖွဲ့စည်းပုံအခြေ အနေ၊လူငယ်ရေးရာနှင့်အမျိုးသမီး ရေးရာဖွဲ့စည်းပုံအခြေအနေကို ရှင်း လင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီ အတွင်းရေးမှူးဦးသန်းနိုင်က ပါတီ ဝင်အင်အားအခြေအနေ၊ ပါတီဝင် များကဆောင်ရွက်ပေးရမည့် ပါတီ ဝင်ကြေးနှင့် နှစ်စဉ်ကြေးအခြေ အနေ၊ ၄င်းမှရရှိသည့် ပါတီဝင် ကြေးများကို ပါတီရန်ပုံငွေအဖြစ် ထားရှိပြီး မိမိတို့မြို့နယ်ပါတီ၌ ပြန်လည်အသုံးပြုခဲ့ကြောင်း ရှင်း လင်းပြောကြားပြီး ပါတီဝင်အင် အားတိုးပွားလာရေးအတွက် မြို့ နယ်/ရပ်ကွက်/ကျေးရွာအုပ်စုများ နှင့် ကျေးရွာခွဲများရှိ ပါတီဝင်များ ပူးပေါင်းချိတ်ဆက်ကာပြည်သူများ ထံသို့ကွင်းဆင်းတွေ့ဆုံ၍မိမိပါတီ ၏မူဝါဒလမ်းစဉ်များကို ရှင်းလင်း ကာ စည်းရုံးဆောင်ရွက်ရမည့် ပါတီ၏ စည်းရုံးရေးရှေ့လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားပြီး အစည်းအဝေးကို နံနက် ၈ နာရီ မိနစ် ၅ဝ အတွင် ရပ်နားခဲ့သည်။

ယင်းအစည်းအဝေးသို့ ခရိုင် ကော်မတီဝင်ဦးသန်းမြင့်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်၊ မြို့နယ် ပါတီနာယကကြီး ဦးယုံဘီး၊ မြို့ နယ်အတွင်းရေးမှူး၊ ဘဏ္ဍာရေး မှူး၊ မြို့နယ်/ရပ်ကွက်/ကျေးရွာ အုပ်စုကော်မတီဝင်များနှင့်ပါတီလူ ငယ်/အမျိုးသမီးအဖွဲ့ဝင်များ၊ပါတီ ဝင်ထုများစုစုပေါင်းအင်အား၇၅ ဦးတက်ရောက်ကြောင်းသိရသည်။