ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်-၂ ၏ သက်တော် ၉ဝ ပြည့် မွေးနေ့ပွဲ ခမ်းနားကြီးကျယ်စွာကျင်းပ

13418817_875204189257832_6259393395351581002_n

ဗြိတိန်နိုင်ငံတွင် ဘုရင်မကြီး အဲလိဇဘက်-၂ ၏သက်တော် (၉ဝ) ပြည့်မွေးနေ့ပွဲအခမ်းအနားကို ယမန်နေ့က စီတန်းလှည့်လည်ခြင်း၊ ရောင်စုံစစ်ရေးပြအခမ်းအနား များဖြင့် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကာ ဘုရင်မကြီးနှင့် တကွ တော်ဝင်မိသားစုများက ဘတ်ကင်ဟန်နန်းတော် လသာဆောင်မှ ရှုစားနှုတ်ဆက်ခဲ့ကြသည်။ 

ဓနသဟာယနိုင်ငံများနှင့်အမေ ရိကန်ပြည်ထောင်စုတို့တွင်လည်း ယင်းကဲ့သို့ အခမ်းအနားများ ကျင်းပရန် စီစဉ် ထားသည်ဟု ဆိုသည်။

ယင်းနေ့တွင် ဘုရင်မကြီး၏မြစ်တော် အသက်တစ်နှစ်အရွယ် မင်းသမီးလေး ချာလော့ကို ပထမဦးဆုံးအကြိမ် အဖြစ် တော်ဝင်အခမ်းအနားတွင် တွေ့ရှိခဲ့ရသည်။ သံပရာခွံစိမ်းရောင်ဝတ်စုံဖြင့် ခံ့ညားတောက်ပလျက်ရှိကာ နန်းတော်ရှေ့တွင် ရထားလုံးဖြင့် ဂုဏ်ပြုစစ်ရေးပြတပ်ဖွဲ့အား ရှုစားနှုတ်ဆက်နေသည့် ဘုရင်မကြီးသည် နန်းတော် အပြင်ဘက်တွင် လာရောက်ချီးမြှင့်နေသည့် လူထုကြီးဘက်သို့ လက်ပြနှုတ်ဆက်နေသည်ကို တွေ့မြင်ရသည်။

အဆိုပါ စစ်ရေးပြတပ်ဖွဲ့တွင် အရာရှိစစ် သည်ပေါင်း ၁၅ဝဝ ကျော်ချီတက် စစ်ရေးပြသခဲ့ကာ ဒုတိယကမ္ဘာစစ်တွင် အသုံးပြုခဲ့သည့် လေယာဉ်ကြီးအပါအဝင် ခေတ်မီတိုက် လေယာဉ်များဖြင့်လည်း ဂုဏ်ပြု ပျံသန်းခဲ့ကြောင်း သိရသည်။

ဘုရင်မကြီး၏မွေးနေ့ အခမ်းအနားကို ယခုလ ၁၂ ရက်အထိ နန်းတော်ရှေ့လမ်းမပေါ်တွင် ပါတီများ ဆက်လက် ကျင်းပခဲ့ပြီး ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူပေါင်း ၁ဝဝဝဝ ကျော်ကိုလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက် ရန် နန်းတော်မှ ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

ဘုရင်မကြီး၏မွေးနေ့ အစစ်အမှန်သည် ဧပြီလတွင် ကျရောက်သော်လည်း တရားဝင် မွေးနေ့ပွဲတော်ကို ရာသီဥတု ပွင့်လင်းသာယာသည့်အချိန်တွင်သာ ကျင်းပခဲ့ သည့်မှာ ၁၈ ရာစုနှစ် ကတည်းကပင် ဖြစ်ကြောင်း သိရသည်။

ပြည်မြန်မာ


Leave a Reply